Serpent Ancestor
တောင်စောင့်နတ်နန်းမှာ စခန်းချနေတဲ့ မြွေနဂါးကြီးက တစ်နေ့မှာ နတ်ကွန်းကို လာဆုတောင်းတဲ့ဘဲကြီးကို သနားပါတယ်ဆိုပြီး မျိုချပစ်လိုက်ပါတယ်။ နောက်ထပ်ရောက်လာတဲ့ ဘိုးတော်ကိုပါ တမလွန်မှာအတူဆုံဆည်းရလေအောင် ထပ်မံမျိုချလိုက်ပါတော့တယ် (အလွန်တရာကို သနားတတ်တဲ့မြွေကြီးပါ:)
ဒီလိုနဲ့ တစ်နေ့မှာ ဝက်ခြံထဲက ဝက်တွေကို စားပိုးနင့်အောင် စားနေတုန်း လူတစ်ယောက်ကို လုပ်ကြံပြီး အဲ့မှာ လာပစ်ထားခဲ့တဲ့အခါမှာ… ဖြစ်ချင်တော့ အဲ့မသာကိုယ်ထဲကို မသေမျိုးတစ်ယောက်က ပြန်ဝင်စားပါတော့တယ်။ ဒီလိုနဲ့ အသင့်စောင့်နေတဲ့ ဂရုဏာရှင်မြွေကြီးကလည်း မထူးပါဘူးဆိုပြီး မျိုပစ်လိုက်တော့ မသေမျိုးစွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး လူတွေရဲ့အသိဉာဏ်တွေကို ရရှိပါသွားပါတော့တယ်။ ဒီလိုနဲ့ ဂရုဏာရှင်မြွေနဂါးကြီး ဘယ်လိုတွေ ဆက်ကြမ်းသွားမလဲဆိုတာ…