I Build an Industrial Empire on the Magic Continent
ကျင်းလဲ့ရှန်ဟာ တစ်ကောင်ကြွက်ဘဝနဲ့ နေထိုင်နေရတဲ့ ဒီပျက်ရှင် အင်ဂျင်နီယာလေးတစ်ယောက်ပေါ့။ တစ်ရက်မှာ အလုပ်အလွန်အကျွံလုပ်ပြီး နှလုံးဖောက်ကာ ရှောသွားပါတော့တယ်။ ဒီလိုနဲ့ ကျင်းလဲ့ရှန်တစ်ယောက် ပြန်နိုးလာတော့ မှော်စွမ်းအင်တွေရှိနေတဲ့ မှော်ကမ္ဘာကြီးမှာ ရိန်းအက်ဂါ အမည်ရှိတဲ့သခင်လေးအဖြစ် ပြန်နိုးထလာပါတော့တယ်။ ဒီလိုနဲ့ ရိန်းအက်ဂါ တစ်ဖြစ်လဲ ကျင်းလဲ့ရှန်တစ်ယောက် မှော်ကို အားကိုးတဲ့ကမ္ဘာသစ်မှာ လူသစ်တစ်ယောက်အဖြစ် ဘယ်လို ရှင်သန်သွားမလဲ? အရင်ဘဝက သူတတ်ကျွမ်းခဲ့တဲ့ ခေတ်သစ်အင်ဂျင်နီယာ ပညာရပ်ကို မှော်တွေနဲ့အတူ ပေါင်းစပ် အသုံးချသွားမလဲဆိုတာ… အရင်ဘဝက တစ်ကောင်ကြွက်အဖြစ် မိန်းကလေးဆိုလို့ မူးလို့တောင် ရှုစရာမရှိတဲ့ ကျင်းလဲ့ရှန်တစ်ယောက် ဒီဘဝမှာ အစေခံကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့ စော်ကြည်ဘဲကော ဖြစ်နိုင်ပါ့မလားဆိုတာ…