Dance of the Phoenix
အိမ်ရှေ့မင်းသားနဲ့ စေ့စပ်ထားတဲ့ ဖီးနစ်သွေးပိုင်ရှင် ဖုန်းဝူတစ်ယောက် တစ်နေ့မှာ မနာလိုသူတွေရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ သေအံ့ဆဲဆဲအချိန်မှာ ဇာတ်လမ်းတို့ထုံးစံအတိုင်း ဖုန်းဝူရဲ့ဆရာသခင်ဖြစ်သူက လာရောက်ကယ်တင်သွားတော့တာပေါ့။ နှစ်လတွေလတွေ ကြာညောင်းပြီးသကာလမှာတော့ ဖုန်းဝူဇာတ်မြုပ်နေထိုင်တဲ့အရပ်ဆီ ဖီးနစ်ငှက်ကြီးတစ်ကောင် တိုက်ခိုက်လာတဲ့အခါမှာတော့ ဖုန်းဝူတစ်ယောက် ဖီးနစ်ငှက်ကို လာနှိမ်နင်းတဲ့အိမ်ရှေ့မင်းသားနဲ့ တစ်ဖန်ပြန်လည်ဆုံစည်းလေတော့တယ်… ဖုန်းဝူတစ်ယောက် အိမ်ရှေ့မင်းသားနဲ့ ပြန်လည်ဆုံစည်းနိုင်ပါ့မလား ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ…